


IPFD တွင်သင့်ထံမှအကူအညီများအားရင်းနှီးမြှုပ်နှံ၍ရေရှည်အကျိုးရလဒ်များဖန်တီးဖော်ဆောင်ကြရန်
သင်၏အကူအညီများသည်ကျွန်တော်တို့အတွက်အောက်ပါလုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန်အတွက်အထောက်အပံ့ကောင်းများကိုဖြစ်စေပါသည်။
- မြန်မာအရေးနှင့်ပတ်သတ်၍နိုင်ငံတကာမှပိုမိုနားလည်သိရှိလာစေရန်။
- မြန်မာ့အရေးဆောင်ရွက်နေသူများအကြားအတူတကွညှိုနှိုင်းတိုင်ပင်ခြင်းနှင့်ပူးပေါင်းဆောင်ရွက်ခြင်းများပိုမိုအားကောင်းလာစေရန်။
- ရေရှည်တည်တံ့ငြိမ်းချမ်းသောနိုင်ငံတခုတည်ဆောက်နိုင်ရန်အတွက်ဆွေးနွေးညှိုနှိုင်းမှုစကားဝိုင်းများအားပံ့ပိုးကူညီရန်။
- ပဋိပက္ခအခြေအနေများအောက်တွင်ပြည်သူလူထုအတွက်ဝန်ဆောင်မှုများပေးအပ်နေသောဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များနှင့်အရပ်ဖက်အဖွဲ့အစည်းများအားပိုမိုအားကောင်းလာစေရန်အတွက်ကူညီပံ့ပိုးရန်။
- နိုင်ငံတကာအကူအညီအထောက်အပံ့များနှင့်လူသားချင်းစာနာရေးအကူအညီများနှင့်ပတ်သတ်၍ညှိုနှိုင်းဆောင်ရွက်မှုများအားကောင်းလာစေရန်။
- ငြိမ်းချမ်းသောဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးတွင်မရှိမဖြစ်လိုအပ်သောအခြေခံအုတ်မြစ်များတည်ဆောက်ရာတွင်ဝိုင်းဝန်းကူညီဆောင်ရွက်ရန်။
ရံပုံငွေလှူဒါန်းမည့်ပမာဏ
Select monthly donation amount:

IPFD သည် အမေရိကန်နိုင်ငံတွင်တည်ထောင်ထားသော အကျိုးအမြတ်မယူသောအဖွဲ့အစည်းဖြစ်ပြီး အခွန်အကောက်ဥပဒေ (၅၀၁(စီ)(၃))အရအခွန်ကင်းလွတ်ခွင့်ရှိသောအဖွဲ့အစည်းလည်းဖြစ်ပါသည်။ မိမိလှူဒါန်းငွေများသည်ဥပဒေအရသတ်မှတ်ခွင့်ပြုထားသည့်ပမာဏအထိအခွန်သက်သာခွင့်ရှိပါသည်။
လှူဒါန်းမှုများအတွက်လည်း အခြားသောအရာများ၊ဝန်ဆောင်မှုများကိုအစားထိုးပြန်လည်ပေးအပ်မည်မဟုတ်ပါ။
အခြားသောနည်းလမ်းများကိုအသုံးပြု၍လှူဒါန်းရန်
Zelle မှတဆင့်လှူဒါန်းရန်
မြန်ဆန်ပြီး ဝန်ဆောင်မှုကြေးပေးစရာမလိုသော အမေရိကန်နိုင်ငံရှိ ဘဏ်နှင့်ပတ်သတ်သော အပလီကေးရှင်း
ချက်လက်မှတ်ဖြင့်လှူဒါန်းရန်
ချက်လက်မှတ်ဖြင့်လှူဒါန်းပါက လက်မှတ်ပေါ်တွင် Institute of Peace & Federal Democracy ဟုဖော်ပြပြီး အောက်ပါလိပ်စာသို့ပေးပို့နိုင်ပါသည်။
Institute of Federal Peace & Democracy
1930 18th ST NW
Suite B2
PMB 2360
Washington
DC 20009
ACH / Wire ဖြင့်လှူဒါန်းရန်
သက်ဆိုင်ရာဘဏ်မှတဆင့်လည်း Institute of Peace and Federal Democracy ဟူ၍ဖော်ပြပြီး တိုက်ရိုက်လှူဒါန်းနိုင်ပါသည်။ ထိုသို့လှူဒါန်းရာတွင် IPFD ၏ ဘဏ်နှင့်ပတ်သတ်သောအချက်အလက်များအားသိရှိနိုင်ရန်အတွက်ဆက်သွယ်ရန်ဖောင်မှတဆင့် IPFD မှတာဝန်ရှိသူတစ်ဦးဖြစ်သော ဦးဗန်လျန်းအားဆက်သွယ်မေးမြန်းနိုင်ပါသည်။
အဖွဲ့အစည်းအနေဖြင့်သို့မဟုတ်ပမာဏများပြားသောလှူဒါန်းမှုများ
အဖွဲ့အစည်းအချင်းချင်းလက်တွဲဆောင်ရွက်ရန်၊ ပမာဏများပြားသောရံပုံငွေထည့်ဝင်ရန် နှင့် ဗျူဟာမြောက်ရေရှည်ကူညီပံ့ပိုးမှုများပြုလုပ်လိုပါက ဆက်သွယ်ရန်ဖောင်မှတဆင့် IPFD မှတာဝန်ရှိသူတစ်ဦးဖြစ်သော ဦးဗန်လျန်းအားဆက်သွယ်မေးမြန်းနိုင်ပါသည်။
သင့်တို့၏အကူအညီများသည်မည်သည့်အပြောင်းအလဲများကိုဖြစ်ပေါ်စေနိုင်ပါသလဲ
ကျွန်တော်တို့ IPFD သို့လှူဒါန်းသောရံပုံငွေတိုင်းသည် မြန်မာနိုင်ငံအတွက်နိုင်ငံတကာမှထောက်ခံအားပေးကူညီမှုများအားပိုမိုရရှိအောင်ဆောင်ရွက်ရန်၊ ပြည်တွင်း၌ဖက်ဒရယ်ဒီမိုကရေစီအရေးလှုပ်ရှားနေသူများအကြားအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများအားကောင်းနေစေရန်၊ကမ္ဘာအနှံ့ရှိတိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြားပူးပေါင်းချိတ်ဆက်မှုများအားကောင်းလာအောင်ဆောင်ရွက်နိုင်စေခြင်းဖြင့်ငြိမ်းချမ်းသောအနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက်အထောက်အပံ့ဖြစ်စေနိုင်ပါသည်။
IPFD အောက်ပါလုပ်ငန်းစဉ် (၃) ခုကိုဦးစားပေးဆောင်ရွက်ပါသည်
၁. နိုင်ငံတကာမှအကူအညီများရရှိရန်ဆောင်ရွက်ခြင်း
၂. မြန်မာပြည်တွင်း၌အချင်းချင်းပူးပေါင်းလက်တွဲဆောင်ရွက်နိုင်မှုကိုတည်ဆောက်ခြင်း
၃. ပြည်ပရောက်တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူတကွချိတ်ဆက်ဆောင်ရွက်ခြင်း