ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်ရေးဆီမှသည် ငြိမ်းချမ်းရေးဆီသို့

ငြိမ်းချမ်ရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီအင်စတီတျူ့ (IPFD) သည်မြန်မာပြည်သူများကိုယ်တိုင်ဦးဆောင်ပါဝင်သောမူဝါဒရေးရာနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သတ်သောလုပ်ငန်းစဉ်များအကောင်အထည်ဖော်ရန်ဖွဲ့စည်းထားသောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ IPFD သည်မြန်မာပြည်သူများအတွက်နိုင်ငံတကာအကူအညီများရရှိရန်၊မြန်မာပြည်တွင်းရှိဖက်ဒရယ်ဒီမိုကရေစီအရေးဆောင်ရွက်နေကြသူများအကြားပူးပေါင်းဆောင်ရွက်မှုများပိုမိုအားကောင်းလာအောင်ဆောင်ရွက်ရန်နှင့်အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်ရေးအတွက်လက်တွေ့ကြသောအခြေခံအုတ်မြစ်များတည်ဆောက်ရာတွင်အကူအညီပေးနိုင်ရန်အတွက်ရည်ရွယ်ဖွဲ့စည်းထားပါသည်။

Hands united
Photo: Saw Wunna (Unsplash)

မြန်မာပြည်သူများအတွက်နိုင်ငံတကာအကူအညီများ၊ထောက်ခံမှုများရရှိရန်ဆောင်ရွက်ခြင်း

စစ်အာဏာရှင်၏မမှန်မကန်သတင်းအချက်အလက်များနှင့်အလိမ်အညာများဖုံးလွှမ်းနေသောဝါဒဖြန့်ချီရေးသတင်းစကားများအား မြန်မာပြည်သူများ၏ဒီမိုကရေစီလှုပ်ရှားမှုများနှင့်ပတ်သတ်သောပကတိသတင်း၊စကားသံများဖြင့်တုံ့ပြန်ချေဖျက်ခြင်း။ နိုင်ငံတကာအစိုးရများ၊ အလှူရှင်အဖွဲ့အစည်းများမှမြန်မာ့အရေးနှင့်ပတ်သတ်၍စိုးရိမ်ပှုပန်မှုများအားလက်တွေ့ကျသောလုပ်ဆောင်ချက်များအဖြစ်သို့ပြောင်းလဲနိုင်ရန်ကြိုးစားဆောင်ရွက်ခြင်း။

မြန်မာနိုင်ငံအတွင်းရှိမိတ်ဖက်အဖွဲ့အစည်းများအကြားပူးပေါင်းဆောင်ရွက်ခြင်း

ဒီမိုကရေစီအရေးအရေးလှုပ်ရှားမှုများတွင်ပါဝင်သောမဟာမိတ်များအကြားပူးပေါင်းဆောင်ရွက်မှုများအားကောင်းအောင်ဆောင်ရွက်ခြင်း။ စိန်ခေါ်မှု၊ဖိအားများစွာအောက်တွင်ရုန်းကန်လှုပ်ရှားဆောင်ရွက်နေသောလူထုအဖွဲ့အစည်းများအားအကူညီများပေးနိုင်ရန်နှင့်အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးတွင်အခြေခံအုတ်မြစ်များချမှတ်နိုင်ရန်အတွက်သက်ဆိုင်သူအားလုံးအတူတကွပါဝင်ဆောင်ရွက်နိုင်သောယန္တရားတစ်ရပ်ပေါ်ပေါက်လာရန်ဆောင်ရွက်ခြင်း။

ပြည်ပရောက်တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးပူးပေါင်းပါဝင်မှုအားကောင်းလာရန်ဆောင်ရွက်ခြင်း

ကမ္ဘာအနှံ့ရှိတိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ကျွမ်းကျင်မှုများ၊ အရင်းအမြစ်များနှင့်ကွန်ယက်များအားပိုမိုချိတ်ဆက်အောင်ရွက်ခြင်း။ ထို့မှတဆင့်မြန်မာ့အရေးနှင့်ပတ်သတ်သောကိစ္စရပ်များနှင့်ပတ်သတ်၍တင်ပြတောင်းဆိုမှုများ၊မိတ်ဖက်ချိတ်ဆက်ဆောင်ရွက်မှုများ၊ရံပုံငွေရရှိရေးလှုပ်ရှားမှုများနှင့်၊ အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက်ပံ့ပိုးမှု၊အကူအညီများအားကောင်းလာစေရန် ဆောင်ရွက်ခြင်း။

Sorry there has been an error. Your subscription could not be saved. Please try again.
Your subscription has been successful.

IPFD မှနောက်ဆုံးရသတင်းအချက်အလက်များပုံမှန်ရယူရန်