IPFD အကြောင်း

IPFD သည် အကျိုးအမြတ်မယူသောအဖွဲ့အစည်းအဖြစ် အမေရိကန်နိုင်ငံတွင် မှတ်ပုံတင်ထားသော မြန်မာပြည်ဖွားတိုင်းရင်းသားများမှဦးဆောင်သော အဖွဲ့အစည်းဖြစ်ပါသည်။ IPFD သည် မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးလုပ်စဉ်များအားကူညီပံ့ပိုးခြင်းဖြင့် အားလုံးပါဝင်ပြီး၊ငြိမ်းချမ်းသော အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်ရန်အတွက်ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

ကျွန်တော်တို့အနေဖြင့်ရေရှည်တည်တံ့သောငြိမ်းချမ်းရေးရရှိရန်မှာနိုင်ငံရေးသဘောတူညီမှုတခုတည်းဖြင့်မရရှိနိုင်ပါ။ယုံကြည်စိတ်ချရသောအဖွဲ့အစည်းများ၊ လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများနှင့်အပြုသဘောဆောင်သောနိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်မှုများလည်းလိုအပ်ပါသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်၍ အုပ်ချုပ်ရေးအာဏာသည် ဗဟိုမှလွှမ်းမိုးချုပ်ကိုင်နိုင်မှုလျော့နည်းလာပြီး နယ်မြေဒေသအလိုက်အခြေပြု ဖြန့်ကျက် အုပ်ချုပ်မှုများပေါ် ပေါက်လာသည်။ ယခုကဲ့သို့ အင်မတန်ခက်ခဲသောအခြေအနေအောက်တွင်ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ တိုင်းရင်းသားဒေသအခြေပြုအုပ်ချုပ်ရေးအဖွဲ့အစည်းများ နှင့်လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်း ကွန်ယက်များသည် ပြည်သူလူထုအပေါ်တာဝန်ယူစောင့် ရှောက်ရန်တာဝန်ဝတ္တရားများပိုမိုများပြားလာသည်ဟုယူဆကြသည်။

သို့ဖြစ်ပါ၍ IPFD သည် ထိုသို့သောကြိုးပမ်းဆောင်ရွက်ချက်များ၊ အောင်မြင်နေစေရန်အတွက်အဖွဲ့အစည်းများတွင်လိုအပ်သောအခြေခံအဖွဲ့အစည်းဆိုင်ရာအခြေခံများအားကောင်းလာစေရန်အတွက်ကူညီရန်ဖွဲ့စည်းပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။


နှင့်ယုံကြည်စိတ်ချရသောပူးပေါင်းဆောင်ရွက်မှုများမှတဆင့် မြန်မာနိုင်ငံနှင့်ပတ်သတ်သောသတင်းမှားများအားချေဖျက်တုံ့ပြန်ခြင်း၊ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအသံများအားပိုမိုအားကောင်းလာစေရန်ပြုလုပ်ခြင်းနှင့်နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများအကြားမြန်မာ့အရေးကိုပိုမိုနားလည်လာနိုင်စေရန်ဆောင်ရွက်ခြင်းတို့ကိုလုပ်ဆောင်လျက်ရှိပါသည်။ IPFD သည် ငြိမ်းချမ်းသောဖက်ဒရယ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို တာဝန်သိမှုရှိစွာဖြင့်ကူညီနိုင်မည့်လမ်းကြောင်းများကိုနိုင်ငံတကာအစိုးရများ၊ အလှူရှင်များ၊ မူဝါဒရေးရာအဖွဲ့အစည်းများ နှင့်နိုင်ငံတကာအဖွဲ့အစည်းများအတွက်ကူညီရှာဖွေးပေးလျက်ရှိပါသည်။

IPFD သည် ဆက်ဆံရေးမျာရပိုမိုကောင်းမွန်လာစေရန်၊ ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးတက်လာစေရန်နှင့် အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက်လိုအပ်သော အဖွဲ့အစည်းများ၏ အခြေခံလိုအပ်ချက်များကို တည်ဆောက်ရေးတွင်ကူညီဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့လုပ်ဆောင်မှုများတွင် အုပ်ချုပ်ရေးဆိုင်ရာနှင့်အဖွဲ့အစည်းများ၏စွမ်းဆောင်ရည်များတိုးတက်လာစေရန် ကူညီပေးခြင်း၊ တွေ့ဆုံဆွေးနွေးမှုများတွင်ပါဝင်စေနိုင်ရန်ပံ့ပိုးကူညီပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ရေးယန္တရားဖြစ်ပေါ်လာစေရန်နှင့်ဘုံသဘောတူညီမှုရှိသောပူးပေါင်းဆောင်ရွက်ရေးတဆိုင်ရာ အခြေခံမှုများတည်ဆောက်ရေးတို့ပါဝင်ပါသည်။

IPFD သည် ကမ္ဘာအနှံ့ရှိတိုင်းရင်းသား၊ ညီအစ်ကို၊ မောင်နှမများ၏ စွမ်းရည်နှင့်ကျွမ်းကျင်မှုများ၊ အချင်းချင်းအကြားကွန်ယက်ချိတ်ဆက်မှုများနှင့် အရင်းအမြစ်များကိုမြန်မာပြည်သူများမှဦးစားပေးသတ်မှတ်ထားသောကိစ္စရပ်များနှင့်ပိုမိုချိတ်ဆက်ကာဆောင်ရွက်မှုများရှိလားရန်ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုကဲ့သို့ဆောင်ရွက်ရာတွင် ပြည်ပရောက်မြန်မာပြည်သူများအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများ၊ မူဝါဒရေးရာကိစ္စများတွင်ပါဝင်နိုင်မှုများ၊ ရံပုံငွေရှာဖွေရေးလှုပ်ရှားမှုများ၊ အတွေ့အကြုံနှင့်ဗဟုသုတမျှဝေဖလှယ်ခြင်းများနှင့် နိုင်ငံတကာနှင့်ရေရှည်တည်တံ့ခိုင်မြဲသောဆက်ဆံရေးများတည်ဆောက်ခြင်းများပါဝင်ပါသည်။


IPFD ဆိုသည်မှာ နိုင်ငံရေးပါတီ၊ အစိုးရအဖွဲ့အစည်းနှင့် ညှိုနှိုင်းဆွေးနွေးမှုများပြုလုပ်ရာဖိုရမ် ပါတီ၊နေရာ၊အဖွဲ့အစည်းတစ်ခုမဟုတ်ပါ။ ကျွန်တော်တို့ IPFD သည် မြန်မာအရေးဆောင်ရွက်နေသောဒီမိုကရေစီအင်အားစုများ အချင်းချင်း ပိုမိုကောင်းမွန်စွာပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတကာမဟာမိတ်အဖွဲ့အစည်းများနှင့် အားကောင်းစွာချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက်လိုအပ်ချက်များကိုကူညီဖြည့်စီးဆောင်ရွက်ပေးနေသောအဖွဲ့အစည်းဖြစ်ပါသည်။

ငြိမ်းချမ်းပြီးအားလုံးပါဝင်နိုင်သောဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံဖြစ်ပေါ်လာစေရန်အတွက်အဖွဲ့အစည်းများတွင်လိုအပ်သောအခြေခံမူဘောင်များအားကောင်းလာစေရန်အတွက်ကူညီဆောင်ရွက်ရန်ရည်ရွယ်ပါသည်။ ထိုကဲ့သို့ဆောင်ရွက်ရာတွင် နိုင်ငံတကာမှမြန်မာ့အရေးအပေါ်ထောက်ခံအားပေးကူညီမှုများရရှိအောင်ဆောင်ရွက်ခြင်း၊မြန်မာပြည်တွင်းရှိဒီမိုကရေစီအရေးဆောင်ရွက်နေသောများအကြားပူးပေါင်းဆောင်ရွက်မှုများပိုမိုအားကောင်းလာစေရန်ဆောင်ရွက်ခြင်းနှင့်ကမ္ဘာအနှံ့ရှိ တိုင်းရင်းသားညီအစ်ကို၊ မောင်နှမများ၏ ကျွမ်းကျင်မှုနှင့်အရင်းအမြစ်များကို အကျိုးရှိစွာစုစည်းအသုံးချခြင်းတို့ပါဝင်ပါသည်။

တာဝန်ခံမှုရှိသောအရပ်ဖက်အဖွဲ့အစည်းများ၊ထိရောက်သောပူးပေါင်းဆောင်ရွက်မှုများ၊အားလုံးပါဝင်ခွင့်ရှိသောအုပ်ချုပ်ရေးစနစ်နှင့်အပေါင်းလက္ခဏာဆောင်သောနိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများမှတဆင့်ငြိမ်းချမ်းသောဖက်ဒရယ် ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာစေရန်မျှော်မှန်းထားပါသည်။


ကျွန်တော်တို့ IPFD အနေဖြင့်ရေရှည်တည်တံ့သောငြိမ်းချမ်းရေးရရှိရန်မှာ

လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများ၊ယုံကြည်မှုနှင့်အားလုံးအတူတကွတာဝန်ယူဆောင်ရွက်မှုတို့မှတဆင့်တည်ဆောက်ရမည်ဟု ယုံကြည်ထားပါသည်။ အချင်းချင်းအကြားဆက်ဆံရေးတည်ဆောက်ခြင်း၊ အဖွဲ့အစည်းများအကြားပူးပေါင်းဆောင်ရွက်သည့်အလေ့အထများကိုတစ်ဆင့်ချင်းတည်ဆောက်သွားမှသာရေရှည်တည်တံ့ခိုင်မြဲသောနိုင်ငံရေးသဘောတူညီချက်များကိုပိုမိုရရှိနိုင်ချေရှိပါသည်။

မိမိတို့အကျိုးစီးပွါးထက်အများအတွက်တာဝန်ယူမှု

မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင်ပါဝင်သူတိုင်းသည် မိမိကိုယ်စားပြုသည့်လူထု၊ အဖွဲ့အစည်း သို့မဟုတ်အုပ်စုအတွက်သာမကပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ကောင်းကျိုးအတွက်ပါ တာဝန်ရှိပေသည်။ အချင်းချင်းပူးပေါင်းဆောင်ရွက်ကြရာတွင် မိမိတို့ အဖွဲ့အစည်း သို့မဟုတ် သက်ဆိုင်ရာအုပ်စုအတွက် ရေတိုအတွင်းရရှိမည့်အကျိုးစီးပွါးများထက် အများပြည်သူအားလုံးအတွက်အကျိုးရှိမည့် ရလဒ်များကိုရည်မျှော်ကာဦးစားပေးဆောင်ရွက်ရမည့်အပြင်အခြားသူများကိုလည်းထိခိုက်စေနိုင်သည့် လုပ်ရပ်များကိုလည်းထိန်းသိမ်းရှောင်ရှားရမည်ဟုခံယူထားပါသည်။

လူမှုအသိုင်းအဝိုင်းအားလုံး၏ဂုဏ်သိက္ခာကိုလေးစားခြင်း

လူမူအဖွဲ့အစည်းအသီးသီးတိုင်းသည် မြန်မာနိုင်ငံ၏အနာဂါတ်ကိုပုံဖော်ရာတွင် တန်းတူပါဝင်ခွင့်ရှိကြသည်။ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုသည်အပြန်အလှန်လေးစားမှု၊ ကွဲပြားမှု၊ ကွဲပြားမှုကို အသိအမှတ်ပြုခြင်း နှင့်လူတိုင်း၏ လူတိုင်း၏ဂုဏ်သိက္ခာကိုကာကွယ်စောင့်ရှောက်မည်ဟူသောကတိကဝတ်တို့အပေါ်အခြေခံရမည်ဟု ကျွန်တော်တို့ယုံကြည်ပါသည်။

ကွဲပြားခြားနားမှုများကိုအတူတကွဆောင်ရွက်ရန်ကတိပြုခြင်း

ကျွန်တော်တို့ IPFD အနေဖြင့် သဘောထားကွဲလွဲမှုများသည် ရှောင်လွှဲ၍မရသောအရာဖြစ်ကြောင်းနားလည်ထားပါသည်။ ကျွန်တော်တို့အနေဖြင့် မတူညီသောသဘောထားများနှင့်အမြင်အမျိုးမျိုးရှိနေစေကာမှု တဦးနှင့်တဦး ကွဲပြားခြားနားမှုများပိုမိုနက်ရှိုင်းစေရန်ဆောင်ရွက်မည့်အစား မိမိတို့အချင်းချင်းဆက်လက်ထိတွေ့ဆွေးနွေးနေကြရန်လိုအပ်သည်။ ထို့အပြင်မိမိတို့အားလုံးလက်ခံနိုင်သော စည်းမျဉ်းများကိုအခြေခံကာ ဆွေးနွေးသော ယန္တရားတစ်ခုအပေါ်အခြေခံ၍ မတူညီမှုများကိုဖြေရှင်းရန်ဆောင်ရွက်သင့်သည်ဟု ယုံကြည်ပါသည်။ ရည်ရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှုများကို သဘောထားကွဲပြားမှုများကိုရှောင်ရှားခြင်းဖြင့်တည်ဆောက်နိုင်မည်မဟုတ်ဘဲ အတူတကွပူးပေါင်းဖြေရှင်းတတ်ရန်သင်ယူခြင်းဖြင့်သာတည်ဆောက်နိုင်ပါသည်။

ဘေးအန္တရယ်ထပ်မံဖြစ်ပွါးမှုများမှရှောင်ကျဉ်ခြင်း

မြန်မာ့သမိုင်းကြောင်းတွင် ကွပ်ကဲထိန်းချုပ်မှုများ ပျောက်ဆုံးသွားသောအခါ ပဋိပက္ခများသည် လျှင်မြန်စွာ ကြီးထွားလာနိုင်ကြောင်းကို တွေ့ရှိနိုင်ပါသည်။ ပဋိပက္ခများမြင့်မားနေချိန်တွင် ပြုလုပ်သောဆောင်ရွက်ချက်များသည် လူထုအသိုင်းအဝိုင်းအတွက်အကျိုးသက်ရောက်မှုများကို ရေရှည်ဖြစ်ပေါ်စေနိုင်သည်။ မိမိတို့အချင်းချင်း ပူးပေါင်းဆောင်ရွက်ရာတွင်စည်းစနစ်၊ စံနှုန်းများလိုအပ်ပြီး၊ မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းလိုအပ်သည်ဟု ယုံကြည်ပါသည်။ တနည်းအားဖြင့် သဘောထားမတိုက်ဆိုင်မှုများကို လှုံ့ဆော်ခံရသည့်တိုင် ဒေါသ(သို့မဟုတ်) သဘောထားကွဲလွဲမှုကြောင့် လုပ်ဆောင်မိခြင်းကိုရှောင်ရှားသင့်ပြီး တည်ငြိမ်မှု၊ အရပ်သားများကာကွယ်ရေးနှင့် အခြားသူများ၏ရေရှည်ကောင်းကျိုးကိုအမြဲဦးစားပေးရမည်ဖြစ်ပါသည်။

လူသားဆန်မှုနှင့်မြန်မာပြည်သူများသာလျှင်ဦးစားပေးပဓါန

မြန်မာနိုင်ငံတွင်ဖြစ်ပွါးနေသောပဋိပက္ခများနှင့်စိန်ခေါ်မှုများအား မည်သည့်အဖွဲ့အစည်းကမျှ တစ်ဦး တစ်ဖွဲ့တည်းဖြေရှင်းနိုင်မည်မဟုတ်ပါ။ ရေရှည်တိုးတက်မှုဆိုသည်မှာတစ်ဦးနှင့်တစ်ဦး အတူတကွပူးပေါင်းလုပ်ဆောင်ခြင်း၊ အလေးထားနားထောင်ခြင်း၊ လေ့လာသင်ယူမှုများအတွက် အစဉ်အမြဲလမ်းဖွင့်ထားခြင်းတို့ရှိမှာသည်ဖြစ်ပေါ်နိုင်ပါသည်။ မြန်မာ့အနာဂါတ်ကို မြန်မာပြည်သူများနှင့်မြန်မာ့အဖွဲ့အစည်းများကိုယ်တိုင် ပုံဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်းကိုလက်ခံရမည်ဖြစ်ပါသည်။

Sorry there has been an error. Your subscription could not be saved. Please try again.
Your subscription has been successful.

IPFD မှနောက်ဆုံးရသတင်းအချက်အလက်များပုံမှန်ရယူရန်