ပွင့်လင်းမြင်သာမှုနှင့်ပတ်သတ်၍ကျွန်တော်တို့၏ကြိုးစားအားထုတ်မှုများ

ကျွန်တော်တို့အနေနှင့်ယုံကြည်မှုဆိုသည်မှာတည်ဆောက်ယူရသောအရာဖြစ်သည်ဟုခံယူ ထားပါသည်။ IPFD အနေဖြင့်မိမိတို့ရရှိသောအရင်းအမြစ်များကိုမည်သည့်နေရာတွင် အကျိုး ရှိစွာအသုံးပြုထား သည်၊အသုံးပြုနေသည်ကိုပွင့်လင်းစွာအသိပေးဖော်ပြ ရန်လိုအပ်သကဲ့သို့ မည်သည့်ရလဒ်များ အကောင်အထည်ဖော်နိုင်ခဲ့သည်ကိုဖော်ပြရန်တာဝန် ရှိသည်ဟုအမြဲခံယူ ထားပါသည်။

IPFD အားအမေရိကန်နိုင်ငံတွင်အခြေစိုက်၍အကျိုးအမြတ်မယူသောအဖွဲ့အစည်း အဖြစ်မှတ်ပုံတင်ရခြင်းရည်ရွယ်ချက်မှာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများအတွက်ယုံ ကြည်စိတ်ချရပြီးတာဝန်ခံမှုရှိသောအဖွဲ့အစည်းများလိုအပ်ခြင်းကြောင့်ဖြစ်ပါသည်။ သို့မှသာ အဖွဲ့အစည်းစီမံခန့်ခွဲမှု့၊ဘဏ္ဍာငွေစီမံခန့်ခွဲမှု့နှင့်လုပ်ထုံးလုပ်နည်းများအ ပါအဝင် အခြားသောစံချိန်စံနှုန်းများကိုပြည့်မှီနိုင်မည်ဖြစ်ပြီးသို့မှသာနိုင်ငံတကာရှိအစိုးရများ၊ ဖောင်ဒေးရှင်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်လက်တွဲဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ IPFD ၌လက်ကျန်၊ ကျန်ရှိသောရန်ပုံငွေမှာ ဒေါ်လာ ၁၅,၅၇၅ ဖြစ်ပါသည်။ ၂၀၂၆ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အတွင်း IPFD သည် ဒေါ်လာ ၄၈,၃၃၇ ကိုအလှူငွေအဖြစ်ထပ်မံလက်ခံရရှိခဲ့ပြီး၊ ၂၀၂၆ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ဒေါ်လာ ၅၈,၉၁၇ အား IPFD ၏လုပ်ငန်းဆောင်များဆောင်ရွက်ရန်အသုံးပြုခဲ့ပြီးလက်ကျန်ငွေ စုစုပေါင်းမှာ ဒေါ်လာ ၄,၉၅၅ ဖြစ်ပါသည်။ တနည်းအားဖြင့်အသုံးစရိတ်အားလုံး၏ ၉၇ ရာခိုင် နှုန်းအားရည် မှန်းထားသောလုပ်ငန်းစဉ်များတွင်အသုံးပြုခဲ့ပြီး ၃ ရာခိုင်နှုန်းသာလျှင်စီမံခန့်ခွဲမှုအ တွက်အသုံးပြုခဲ့ပါသည်။

IPFD အားထည့်ဝင်လှူဒါန်းသောအကူအညီများအားလုံးသည်မြန်မာဒီမိုကရေစီအရေးနှင့် ပတ်သတ် သောအသံများကို နိုင်ငံတကာမှအစဉ်ကြားသိနေစေရန်၊ မြန်မာပြည် တွင်း၌ဒီမိုကရေစီအရေးအတွက် အတူတကွလှုပ်ရှားဆောင်ရွက်ခြင်းများတွင်ပိုမိုပူးပေါင်း ဆောင်ရွက်မှုများဖြစ်ပေါ်လာစေရန်နှင့် တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးရရှိပြီး အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်ရေးတွင်လို အပ်သောအခြေခံအုတ်မြစ်များ ချမှတ်နိုင်ရန်အတွက်လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်အကူအညီများရောက်ရှိအောင် ဆောင်ရွက်သွားပါမည်ဟုအာမခံအပ်ပါသည်။

IPFD ထံသို့ရံပုံငွေထည့်ဝင်လှူဒါန်းပေးခြင်းအတွက်ကျေးဇူးတင်ရှိပါသည်။ ကျွန်တော်တို့အနေဖြင့် ထည့်ဝင်လှူဒါန်းထားသောရံပုံငွေတိုင်းအားမြန်မာနိုင်ငံသားများကိုယ်တိုင်ဦးဆောင်သည့်နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်မှုများ၊ဒီမိုကရေစီအရေးလှုပ်ရှားနေကြသူများအကြားပူးပေါင်းဆောင်ရွက်မှုများနှင့်ပြည်ပရောက်တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြားမြန်မာအရေးကိစ္စများတွင်ပူးပေါင်းပါဝင်မှုများခိုင်မာအားကောင်းလာစေရန်အတွက်အကျိုးရှိစွာအသုံးပြုသွားမည်ဖြစ်ပါသည်။

ရံပုံငွေလှူဒါန်းမည့်ပမာဏ

အခြားသောနည်းလမ်းများကိုအသုံးပြု၍လှူဒါန်းရန်

Zelle မှတဆင့်လှူဒါန်းရန်

မြန်ဆန်ပြီး ဝန်ဆောင်မှုကြေးပေးစရာမလိုသော အမေရိကန်နိုင်ငံရှိ ဘဏ်နှင့်ပတ်သတ်သော အပလီကေးရှင်း

အီးမေးလ်လိပ်စာ [email protected]
ဖုံးနံပါတ် +1 (202) 375-1935
ချက်လက်မှတ်ဖြင့်လှူဒါန်းရန်

ချက်လက်မှတ်ဖြင့်လှူဒါန်းပါက လက်မှတ်ပေါ်တွင် Institute of Peace & Federal Democracy ဟုဖော်ပြပြီး အောက်ပါလိပ်စာသို့ပေးပို့နိုင်ပါသည်။

Institute of Federal Peace & Democracy
1930 18th ST NW
Suite B2
PMB 2360
Washington
DC 20009

ACH / Wire ဖြင့်လှူဒါန်းရန်

သက်ဆိုင်ရာဘဏ်မှတဆင့်လည်း Institute of Peace and Federal Democracy ဟူ၍ဖော်ပြပြီး တိုက်ရိုက်လှူဒါန်းနိုင်ပါသည်။ ထိုသို့လှူဒါန်းရာတွင် IPFD ၏ ဘဏ်နှင့်ပတ်သတ်သောအချက်အလက်များအားသိရှိနိုင်ရန်အတွက်ဆက်သွယ်ရန်ဖောင်မှတဆင့်  IPFD မှတာဝန်ရှိသူတစ်ဦးဖြစ်သော ဦးဗန်လျန်းအားဆက်သွယ်မေးမြန်းနိုင်ပါသည်။

အဖွဲ့အစည်းအနေဖြင့်သို့မဟုတ်ပမာဏများပြားသောလှူဒါန်းမှုများ

အဖွဲ့အစည်းအချင်းချင်းလက်တွဲဆောင်ရွက်ရန်၊ ပမာဏများပြားသောရံပုံငွေထည့်ဝင်ရန် နှင့် ဗျူဟာမြောက်ရေရှည်ကူညီပံ့ပိုးမှုများပြုလုပ်လိုပါက ဆက်သွယ်ရန်ဖောင်မှတဆင့်  IPFD မှတာဝန်ရှိသူတစ်ဦးဖြစ်သော ဦးဗန်လျန်းအားဆက်သွယ်မေးမြန်းနိုင်ပါသည်။

Sorry there has been an error. Your subscription could not be saved. Please try again.
Your subscription has been successful.

IPFD မှနောက်ဆုံးရသတင်းအချက်အလက်များပုံမှန်ရယူရန်